လေလံဆွဲ၀ယ်ယူသူများ သိသင့်သိထိုက်သော အချက်များ -
(က) လေလံယာဉ်များအား လေလံပစ်သည့်ရက်မှ (၂)နှစ်အတွင်း ပြန်လည်မှတ်ပုံတင် ခွင့်လျှောက်ထားရပါမည်။ (လေလံပစ်ရက်မှ ယာဉ်စစ်ခငွေသွင်းရက်အထိသာ သတ်မှတ်ပါသည်)
( ခ) လေလံယာဉ်၏ အမျိုးအမည်၊ ရုပ်နှင့်ခုနှစ်ပုံစံပြောင်းလဲခြင်းကို ခွင့်မပြုပါ။
( ဂ) မော်တော်ဆိုင်ကယ်ယာဉ်များ ဘောင်ပြောင်းလဲခြင်းကို ခွင့်မပြုပါ။
(ဃ) ထရော်လာဂျီနှင့် လယ်ယာသုံးထရပ်ယာဉ်များ အလျား၁၈ပေ၊ အင်ဂျင်ပါ၀ါ ၁၅၀၀ CC သာ ခွင့်ပြုပါသည်။
( င) လေလံယာဉ်များအားလုံး ဆေးရောင်စစ်စိမ်းရောင်နှင့် ၉၂၉ ဆလွန်းလေလံ ယာဉ်များ၊ စစ်စိမ်းရောင်အပြင် ဆေးရောင်အနက်ပါ သုံးစွဲခွင့်မပြုပါ၊ ၉၂၉ လေလံယာဉ်များသည် မူလစက်ပြောင်းလဲခြင်း မပြုရပါ။
( စ) ရုပ်၊ ဦးခေါင်းပိုင်း မပါရှိ သောယာဉ်များကို မော်တော်ယာဉ်အဖြစ် မှတ်ပုံတင် ခွင့်မပြုပါ။
(ဆ) လေလံယာဉ်အားအသင့်မောင်းနှင်နိုင်သောအခြေအနေရှိမှသာပြန်လည်မှတ်ပုံတင် ခွင့်ကို ဤဦးစီးဌာန(ရုံးချုပ်)တွင် လျှောက်ထားရပါမည်။
( ဇ) လေလံယာဉ်ယာယီမှတ်ပုံတင်ခွငြ့်ပုလက်မှတ်အား ယာယီမှတ်ပုံတင်ခ ၅၀၀ိ/- ပေးသွင်းပြီး၊ ယာယီမှတ်ပုံတင်အမှတ်ထုတ်ပေးပါသည်။ ယာယီမှတ်ပုံတင်ခွင့်ပြု လက်မှတ်သက်တမ်းမှာ ရက်ပေါင်း(၉၀)ဖြစ်ပြီး ကျော်လွန်ပါကပျက်ပြယ်ပါသည်။
( ဈ) ယာဉ်နှင့်အတူ ယာဉ်နံပါတ်ပြား ၂ ချပ်ပါရှိရမည်။ နံပါတ်ပြားတွင် စာလုံးအနီ ရောင်၊ အောက်ခံအဖြူရောင်နှင့် ကုန်ဆုံးရက်ကို မိမိအစီအစဉ်ဖြင့် ဖော်ပြရေး သားရမည်။
(ည) လေလံယာဉ်အား ယာဉ်စစ်ခွင့်ပြုသည့်ရက်မှ ရက်ပေါင်း(၃၀)အတွင်း ယာဉ်စစ် ဆေးရမည်။
( ဋ) လေလံယာဉ်များအား ရုံးချုပ်၊ ပြည်နယ်၊ တိုင်းရုံးများတွင်သာ ယာဉ်စစ်ခွင့်ပြုပါ သည်။ ခရိုင်ရုံးများတွင် ယာဉ်စစ်ဆေးခွင့်မပြုပါ။
( ဌ) ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသောယာဉ်များအား ထုတ်လုပ်သည့် ခုနှစ်၊ ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားသောယာဉ်များ မှတ်ပုံတင်သည့်အချိန် ၁၉၈၅ ခုနှစ် အထိ ဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပ လိပ်စာဖြင့်သာ ပြန်လည် မှတ်ပုံတင်ခွင့်ပြုပါသည်။
( ဍ) ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်များအား ထုတ်လုပ်သည့် ခုနှစ်၊ ဤဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ယာဉ်များအား စတင်မှတ်ပုံတင် သည့် ခုနှစ်ဖြင့် အောက်ပါအတိုင်း သတ်မှတ်ပေးမည် ဖြစ်ပါသည် --
|
စဉ် |
ထုတ်လုပ်သည့်ခုနှစ် စတင်မှတ်ပုံတင်ရက |
သတ်မှတ်အက္ခရာ |
|
|
|
ယာဉ် |
ဆိုင်ကယ်
|
|
( ၁) |
၁၉၈၅ ခုနှစ်ထိ |
၇က(ကွက်လပ်) |
၁ယ(ကွက်လပ်)
|
|
( ၂) |
၁၉၈၅ အထက်မှ ၁၉၉၀ ခုနှစ်အထိ |
၉ခ(ကွက်လပ်) |
၅ယ(ကွက်လပ်)
|
|
( ၃) |
၁၉၉၀ အထက်မှ၁၉၉၅ ခုနှစ်အထိ |
၁ဂ(ကွက်လပ်) |
၁၀ယ(ကွက်လပ်)
|
|
( ၄) |
၁၉၉၅ အထက် |
၂ဂ(ကွက်လပ်) |
၁၅ယ(ကွက်လပ်)
|
( ဎ) လေလံယာဉ်များ ပြန်လည်မှတ်ပုံတင်ရာတွင် ဘောင်ပြောင်းလဲထားသည့် ယာဉ်များ ဤဦးစီးဌာနမှ ကိုယ်စားလှယ်ပါ၀င် ဆောင်ရွက်ခြင်းမရှိသည့် ယာဉ် များအား “၇က” အက္ခရာ၊ မော်တော်ဆိုင်ကယ်များအား “၁ယ” အက္ခရာ သတ်မှတ်ပေးပါသည်။
နောက်ဆုံးရောက်ရှိအက္ခရာနှင့်နံပါတ်များ (၂၀၁၂ ခုနှစ်၊ ဇူလိုင်လအထိ)
|
စဉ် |
အကြောင်းအရာ |
နံပါတ်
|
|
(က) |
မော်တော်ယာဉ် |
၆ဃ/၉၇၆၇
|
|
( ခ) |
မော်တော်ယာဉ်(ဇုန်) |
၈ည/၇၉၀၆
|
|
( ဂ) |
ဆိုင်ကယ် |
၁ယ/၉၉၆၂၃
|
|
(ဃ) |
ထရော်လာဂျီ |
၉ဌ/၂၆၆၁၆
|
|
( င) |
တက္ကစီယာဉ် |
AA-1654
|
|
( စ) |
သုံးဘီးဆိုင်ကယ် |
၃ဟ/၂၂၈၄
|
|
(ဆ) |
နှိဗ္ဗာန်ယာဉ် |
နိဗ္ဗာန်-၁၀၁
|
၂၀၁၂ ခုနှစ်၊ ဇူလိုင်လအထိ ပြည်နယ်/တိုင်းအလိုက် မော်တော်ယာဉ်အမျိုးအစားစာရင်း
သတင်းအချက်အလက်များ
မော်တော်ယာဉ်များကိုအောက်ပါအမျိုးအစားလိုက်သက်တမ်းသတ်မှတ်သည်-
|
စဉ် |
အကြောင်းအရာ |
သက်တမ်း |
|
(က) |
မော်တော်ယာဉ် |
၁ နှစ် |
|
( ခ) |
မော်တော်ဆိုင်ကယ် |
၂ နှစ် |
|
( ဂ) |
ထရော်လာဂျီ |
၁ နှစ် သို့မဟုတ် ၂ နှစ် ပိုင်ရှင်ဆန္ဒအရ |
|
(ဃ) |
စက်ယန္တရား |
၁ နှစ် |
၂၀၁၂ ခုနှစ်၊ ဇူလိုင်လအထိ မှတ်ပုံတင်သက်တမ်းကြာမြင့်ယာဉ်များအား ဖျက်သိမ်းခြင်း