ယာဉ်မောင်းကောင်းတစ်ဦးသည် ယာဉ်မောင်းနှင်ခြင်းမပြုမီ အောက်ပါအချက် များကို အမြဲလိုက်နာ ကျင့်သုံးရန်လိုအပ်ပါသည်-
(က) ထမ်းဆောင်ရမည့်တာဝန်။ ယာဉ်ကိုမောင်းနှင်စဉ်တလျှောက်လုံး အန္တရာယ် ကင်းစွာမောင်းနှင်ရန်။
( ခ ) လုပ်ဆောင်ရမည့်ဝတ္တရား။ နေ့စဉ် မိမိမောင်းနှင်ရမည့် ယာဉ်၏ စက်ပိုင်းစနစ်၊ လက်ကိုင်စနစ်၊ မီးစနစ်၊ ဘရိတ်စနစ်များ၊ ယာဉ်ကိုယ် ထည်ကြံ့ခိုင်မှုနှင့် တာယာများကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပြီးမှ မောင်းနှင်ရန်။
( ဂ ) စောင့်ထိန်းရမည့်ကျင့်ဝတ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှောင်ကြည် ရန်နှင့်ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး ရိုးသားကြိုးစား မောင်းနှင် သွားရန်။
(ဃ) လိုက်နာရမည့်စည်းကမ်း။ တည်ဆဲမော်တော်ယာဉ်ဥပဒေ ပြဌာန်း ချက်ပါ အချက်အလက်များအတိုင်း စောင့်ထိန်းလိုက်နာသွားရန်။
( င ) ဂရုပြုရမည့်လက်ဆွဲဆောင်ပုဒ်များ။ အရည်အချင်းပြည့်ဝသော ယာဉ်မောင်းတစ်ဦး မွေးထုတ်နိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဗဟိုကော်မတီမှ ထုတ်ပြန်ထားရှိသော ယာဉ်မောင်း နှင်ခြင်းဆိုင်ရာ လက်သုံးဆောင်ပုဒ်များသည်လည်း အထူးဂရုပြု အလေးထား လိုက်နာရမည်ဖြစ်ပါကြောင်း အောက်တွင် ဖော်ပြအပ်ပါ သည်-
(၁) “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား”
(၂) “Road Safety Is No Accident"
(၃) “ဥပဒေဘောင်အတွင်း မောင်းနှင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ”
(၄) “ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်/လမ်း စည်းကမ်း လိုက်နာပေး”
(၅) “Drive Safety (အန္တရာယ်ကင်းစွာမောင်းနှင်ပါ)”
(၆) “မဆင်မခြင် မောင်းနှင်မှုအသက်ပေါင်းများစွာ အန္တရာယ်ပြု”
(၇) “သင့်ကို သင့်မိဘ၊ဇနီး၊ သားသမီးများက ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ချိန်၊ စောင့် မျှော်နေကြသည်ကို သတိပြုပါ”
လမ်းညွှန်းလမ်းအမှတ်အသားများ
၁။ လမ်းအလယ်ရှိ အလျားလိုက်မျဉ်းဖြူအမှတ်အသားများ။
(က) အလယ်မျဉ်းပြတ်
-
နှစ်လမ်းမောင်းတွင် မျဉ်းပြတ်ကိုဖြတ်ကျော်၍ ကွေ့နိုင်သည်။ ဂ-ကွေ့လည်း ကွေ့နိုင် သည်။ တစ်လမ်းမောင်းလမ်းတွင်မူ မျဉ်းပြတ်ကိုဖြတ်၍ ယာဉ်ကြော ကူးပြောင်းနိုင်သည်။
-
အန္တရာယ်ကင်းရှင်းလျှင် မျဉ်းပြတ်ကိုဖြတ်၍ ရှေ့ယာဉ်ကိုကျော်တက်နိုင်သည်။
-
မျဉ်းပြတ်များကို ခွ၍မမောင်းရ။
-
မျဉ်းပြတ်များပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။
(ခ) အလယ်မျဉ်း
-
ဤမျဉ်းကို ဖြတ်ကျော်၍ မကွေ့ရ။ ဂ-ကွေ့မကွေ့ရ၊ ယာဉ်ကြောလည်း မကူးပြောင်းရ။
-
ဤမျဉ်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။
-
ဤမျဉ်းကို ခွ၍မမောင်းရ။
-
ဤမျဉ်းများပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။
(ဂ) အလယ်မျဉ်းပြိုင်နှစ်ကြောင်း
-
မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့် လမ်းကွေ့လမ်းကောက်များ၊ တံတားကျယ်များ၊ မြင်ကွင်းကွယ်နေသော ကုန်းထိပ်များစသည့်နေရာများတွင် အသုံးပြုသည်။
-
မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝဖြတ်မကျော်ရ။ ဂ-ကွေ့မကွေ့ရ။ ခွမမောင်းရ။
-
မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ရှေ့မှယာဉ်ကို လုံးဝကျော်မတက်ရ။
-
မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ယာဉ်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်းမပြုရ။
-
မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ။ ရပ်မနေရ။ စက်ဘီးမစီးရ။
(ဃ) အလယ်မျဉ်းပြိုင်နှစ်ကြောင်းကို တစ်ဆက်တည်းမျဉ်းနှင့် မျဉ်းပြတ်များဖြင့် ရေးဆွဲထားခြင်း
-
မျဉ်းပြတ်ရှိသောယာဉ်ကြောများဘက်မှ ယာဉ်သည် မျက်နှာချင်းဆိုင်လာသော ဘက်မှ ယာဉ်အန္တရာယ်ကင်းရှင်းလျှင် အလယ်မျဉ်းပြိုင်နှစ်ကြောင်းကို ဖြတ် ကျော်၍ ကွေ့နိုင်သည်။ သို့ရာတွင် ဂ-ကွေ့ မကွေ့ရ။
-
မျဉ်းပြတ်ရှိသော ယာဉ်ကြောများဘက်မှယာဉ်သည် အလယ်မျဉ်းနှစ်ကြောင်း ကိုဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။ ခွမမောင်းရ။
-
တစ်ဆက်တည်းရှိသော ယာဉ်ကြောများဘက်မှယာဉ်သည် တစ်ဆက်တည်းမျဉ်းကို လုံးဝ ဖြတ်မကျော်ရ။
-
မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ၊ ရပ်မနေရ။ စက်ဘီးမစီးရ။
( င ) ယာဉ်ကြောများကိုသတ်မှတ်သည့် အလျားလိုက်မျဉ်းဖြူအမှတ်အသားများ
-
လမ်းတစ်လျှောက် ယာဉ်တစ်စီးချင်း ရှေ့နောက်လွယ်ကူစွာနှင့် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန်အတွက် ယာဉ်ကြောများကို တစ်ဆက်တည်းမျဉ်း၊ မျဉ်းပြတ် တို့ဖြင့် သတ်မှတ်သည်။
-
လမ်းဆုံလမ်းခွတွင် ကန့်လန့်ဖြတ်ရေးဆွဲထားသော ရပ်မျဉ်းသို့မရောက်မီ အနည်းဆုံး မီတာ ၃၀ (ပေ ၁၀၀) မှစ၍ ရပ်မျဉ်းအထိ တစ်ဆက်တည်းမျဉ်းဖြင့် ယာဉ်ကြောများကို ခွဲခြားထားသည်။
-
မျဉ်းပြတ်များဖြင့် ခွဲခြားထားသော ယာဉ်ကြောများတွင် ယာဉ်များသည် ယာဉ်ကြောတစ်ခုမှ တစ်ခုသို့ကူးပြောင်းနိုင်သည်။ ယာဉ်ကြောကူးပြောင်း ရာတွင် အလိုက်သင့်အလျားသင့် တစ်ခုပြီးမှ တစ်ခုကူးပြောင်းရမည်။ နောက်မှ လိုက်လာသောယာဉ်ကို အနှောင့်အယှက် မဖြစ်စေရ။ လမ်းဆုံ လမ်းခွ မရောက်မီ တစ်ဆက်တည်းမျဉ်းနေရာတွင် ယာဉ်ကြောလုံးဝ မကူးပြောင်းရ။
-
မျဉ်းပြတ်နေရာတွင် ရှေ့ယာဉ်ကို ကျော်တက်နိုင်သည်။ တစ်ဆက်တည်းမျဉ်း နေရာတွင်မူ ကျော်မတက်ရ။
-
မျဉ်းဝါဖြင့် သတ်မှတ်သော ယာဉ်ကြောသည် ဘတ်စ်ကာများအတွက်သာ ဖြစ်သည်။
-
သာမန်အားဖြင့် လက်ယာဘက်ယာဉ်ကြောတွင် မောင်းနှင်ရမည်။ လက်ဝဲ ဘက်သို့ ကွေ့လျှင် မျဉ်းပြတ်နေရာများတွင်သာ လက်ဝဲယာဉ်ကြောသို့ ကူးပြောင်းပြီးမှ ကွေ့ရမည်။
-
ရှေ့ယာဉ်ကို ကျော်တက်လိုလျှင် မျဉ်းပြတ်နေရာများတွင်သာ ကျော်တက် ရမည်။
( ၈ ) အလယ်မျဉ်းပြတ်ရှိသော နေရာများတွင်သာ “ဂ”ကွေ့ ကွေ့နိုင်သည်။
(စ) ခြေကျင်လျှောက်သူများအတွက် မျဉ်းဝါအမှတ်အသားများ
|
ခြေကျင်လျှောက်သူများ အန္တရာယ်ကင်းရှင်းစွာလမ်းကိုဖြတ်ကူးနိုင်ရန်နေရာ သတ်မှတ်ချက်ကို မျဉ်းကျားအဝါဖြင့်ဖော်ပြ၍ လူနှင့်ယာဉ်အသွားအလာများသော နေရာများတွင်အသုံးပြုသည်။ |
|
ယာဉ်ထိန်းအချက်ပြမီး (သို့မဟုတ်) ကြီးကြပ်ထိန်းသိမ်းရန် တာဝန်ရှိသူ၊ ထိန်းသိမ်းသော လမ်းဆုံ လမ်းခွတွင် လူဖြတ်ကူးရန်အတွက် မျဉ်းဝါနှစ်ကြောင်းကို ရပ်မျဉ်း၏ရှေ့တွင်ရေးဆွဲသည်။ |
|
လူကူးမျဉ်းဝါပြတ်များကို ယာဉ်အသွားအလာများသော ကျောင်းရှေ့၊ ဆေးရုံရှေ့ ၊ ဘတ်စ်ကားမှတ်တိုင်အနီး စသည့်နေရာများ၌ အသုံးပြုသည်။ |
(ဆ) လူကူးမျဉ်းဝါနေရာများတွင် ယာဉ်မောင်းသူများလိုက်နာရမည့်အချက်များ
-
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာသို့ မရောက်မီ အနည်းဆုံး မီတာ ၅၀(၁၆၅ ပေ) အကွာအဝေးမှ အရှိန်လျှော့၍ သတိဖြင့်မောင်းနှင့် ချဉ်းကပ်ရ မည်။ ဖြတ်ကူးသူများရှိ နေလျှင် မျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်မှ အနည်းဆုံး ၅ မီတာ (၁၆ ပေ၊ ၆ လက်မ) အကွာအဝေးတွင် ယာဉ်ကိုရပ်ပြီး လမ်းဖြတ်ကူး သူများရှင်းမှ ဆက်မောင်းရမည်။
-
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်ပေါ်တွင် မည်သည့်အကြောင်းကြောင်း နှင့်မျှ ယာဉ် လုံးဝမရပ်ရ။ ထိုမျဉ်းများပေါ်တွင် ယာဉ်ပျက်စီးချို့ယွင်း၍ ရပ်သွား ပါက ထိုမျဉ်းများနှင့် လွတ်ကင်းသည့် လမ်းဘေးနေရာသို့ အမြန်ဆုံးရွှေ့ရမည်။
-
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာ၌ ရပ်ထားသော ယာဉ်ကို ကျော် မတက်ရ။ သွားနေသော ရှေ့ယာဉ်ကိုလည်း ကျော်မတက်ရ။
-
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာ၌ ယာဉ်ထိန်းရဲ၊ သို့မဟုတ် တာဝန် ပေးအပ်ခံရသူက ကြီးကြပ်ထိန်းသိမ်းနေလျှင် ၄င်း၏ညွှန်ပြချက်အတိုင်း လိုက်နာ ရမည်။
-
လမ်းဆုံလမ်းခွတွင် ရပ်မျဉ်းနောက်၌သာ ယာဉ်ကိုရပ်ရမည်။ လူကူးမျဉ်းဝါပေါ် တွင် ယာဉ်မရပ်ရ။
-
လမ်းဆုံလမ်းခွ၌ ယာဉ်ကွေ့လျှင် ကွေ့မည့်လမ်းပေါ်တွင် ဖြတ်ကူးသူများကို အထူး ဂရုစိုက်ရမည်။
လမ်းပေါ်မျဉ်း၀ါကျွန်း အမှတ်အသားများ
(ဇ) လမ်းပေါ်မျဉ်းဝါကျွန်း အမှတ်အသားများ
-
ယာဉ်များဖြတ်ကျော်ခြင်းမပြုစေလိုသည့် လမ်းပေါ်ကျွန်း အမှတ်အသားများကို မျဉ်းအဝါ များဖြင့် ရေးဆွဲသတ်မှတ်ရမည်။
-
ကျွန်းပေါ်တွင် ယာဉ်များရပ်ခြင်း၊ ဖြတ်ကျော်ခြင်းမပြုရ။
-
ကျွန်းရှိသောလမ်းကို ဖြတ်ကူးသူသည် ကျွန်းပေါ်တွင် တစ်ထောက်နားပြီး ယာဉ်သွားလာမှု ရှင်းမှ ဆက်လက်ဖြတ်ကူးနိုင်သည်။ ကျွန်းအတွင်း လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီး ခြင်းမပြုရ။
မျဉ်းဝါပြတ် ဘတ်စ်ကားမှတ်တိုင်နေရာအမှတ်အသားများ
မျဉ်းဝါပြတ် ဘတ်စ်ကားမှတ်တိုင်နေရာအမှတ်အသားများ
|
လမ်းဘေးယာဉ်ကြောမှခွဲ၍ သီးခြားသတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်နေရာများ |
|
လမ်းဘေးယာဉ်ကြောအတွင်း သတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်နေရာများ |
(ဈ) လမ်းဘေးကပ်တုံးအမှတ်အသားများ
(၁) အဖြူ/အနီ လမ်းဘေးကပ်တုံးရှိသော လမ်းတစ်လျှောက်တွင် ယာဉ်များလုံးဝ ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုရ။ ၄င်းအမှတ်အသားကို အဝိုင်းပတ်များ၊ လမ်းခွဲ ကျွန်းများ၊ အန္တရာယ်ရှိသော လမ်းကွေ့များ၊ လမ်းဆုံလမ်းခွများ စသည့် နေရာ များတွင် အသုံးပြုသည်။
(၂) အဝါ/အနက် လမ်းဘေးကပ်တုံးရှိသော လမ်းတစ်လျှောက်တွင် ယာဉ်ကို ခေတ္တ ခဏသာ ရပ်ဆိုင်းနိုင်သော်လည်း လုံးဝရပ်မထားရ။ ၄င်းအမှတ်အသားကို လမ်းပိတ်ဆို့စေနိုင် သည့် ဈေး၊ ကျောင်း၊ ဆေးရုံ၊ လူအဝင်အထွက်များသော ရုံးစသည့်နေရာများတွင် အသုံးပြုသည်။
(ည) အဖြူ/အနီကျားလမ်းဘေးတိုင်များ
-
၄င်းတိုင်များကို ချောက်ကမ်းပါးရှိသော လမ်းဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သော လမ်းကွေ့၊ လမ်းကောက် စသည့်နေရာများတွင် စိုက်ထူထားရမည်။
-
၄င်းတိုင်များရှိသော လမ်းဘေးတစ်လျှောက်တွင် ယာဉ်များ လုံးဝရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုရသည့်အပြင် ယာဉ်အချင်းချင်း ကျော်မတက်ရ။ ၄င်းတိုင်များ ကိုတွေ့လျှင် ယာဉ်အရှိန် လျှော့၍ သတိဖြင့်မောင်းနှင်ရမည်။