အသိပေးကြေညာခြင်း
ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် မော်တော်ယာဉ် RC - 2874 ၏ ယာဉ်အမှတ်အား ရောက်ရှိအက္ခရာဖြင့် ဂုဏ်ပြုဈေးနှုန်းသတ်မှတ်ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာခြင်း
၁။ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ အများ ပြည်သူလေ့လာနိုင်ရန် ပြသထားသည့် WOLSELEY ယာဉ်၏ ယာဉ်အမှတ် RC-2874 အား ရောက်ရှိအက္ခရာဖြင့် နိုင်ငံသားပြည်သူများအနေဖြင့် ဂုဏ်ယူစွာ ဂုဏ်ပြုတပ်ဆင်အသုံးပြုလိုပါက ကြိုတင်ဝယ်ယူခွင့် ရရှိစေရေးအတွက် ဂုဏ်ပြုဈေးနှုန်း သတ်မှတ်၍ ရောင်းချပေးသွားမည်ဖြစ်ပါသည်။
၂။ အဆိုပါ ယာဉ်အမှတ် RC-2874 ၏ ယာဉ်အမှတ်အား ရောက်ရှိအက္ခရာဖြင့် မူလနံပါတ် (1T-2874, 2T-2874, 3T-2874 စသည်ဖြင့်) ကြိုတင်ရောင်းချရာတွင် နံပါတ်ကြိုတင်ဝယ်ယူသည့် ရက်၌ ရောက်ရှိနံပါတ်အပေါ်မူတည်၍ ဝယ်ယူလိုသည့် အက္ခရာနှင့်နံပါတ်အား လက်ရှိပုံမှန် တွက်ချက် ရောင်းချသည့်ဈေးနှုန်းထက် ၁.၅ ဆ (ဥပမာ - ရောက်ရှိနံပါတ် - 9S-8647 တွင် 1T-2874 အား ဝယ်ယူပါက ပုံမှန်ဈေးနှုန်း (၈)သိန်း ဖြစ်လျှင် (၈)သိန်း x ၁.၅ ဆ = (၁၂)သိန်း) တိုးမြှင့်၍ ဂုဏ်ပြု ဈေးနှုန်းအဖြစ် သတ်မှတ်ရောင်းချမည်ဖြစ်ပြီး ရောင်းချရရှိငွေအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်) ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေသို့ ပေးသွင်းသွားမည် ဖြစ်ပါသည်။
၃။ သို့ပါ၍ အဆိုပါ ဂုဏ်ပြုနံပါတ်အား ဝယ်ယူလိုသူ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ရုံးများနှင့် ဆက်သွယ်၍ ကြိုတင်ဝယ်ယူနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန